Sunday, October 8, 2023

  Dumpling with red chilli oil



ပထမဆုံး dumpling အတွက် တွေ ပြင်ဆင်ပါမယ်။

dumpling အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ 

Wanton wrapping (square shape)  တစ်ထုပ်

ဝက်သား အကြေ ၅၀၀ ဂရမ်

chives  တစ်စီး > နှုတ်နှုတ် စင်းထားပါ

ပုဇွန် ၃၀၀ ဂရမ် အသားချည်း  >နှုတ်နှုတ် စင်းထားပါ

ပဲငံပြာရည် အကြည်ရည် 4 tea spoon

သကြား 3 tea spoon

ငရုပ်ကောင်း မှုန့် 1/2 tea spoon

5 spice powder 1/2 tea spoon

corn stretch 1 table spoon

ကြက်ဥ တစ်လုံး

ဂျင်း တစ်ပြား >ညက်ညက်ထောင်းထားပါ

ကြက်သွန်ဖြူ  ၄ မြွှာ >ညက်ညက်ထောင်းထားပါ

နှမ်းဆီ 1 table spoon

ဆီ 1 table spoon

အထက်ပါ ပစ္စည်းတွေကို အားလုံး ရောသမမွှေ ပေးပါ။

ပြီးရင် dumpling အဖတ် (Wanton wrapping ) နှင့် dumpling လေးတွေ လုပ်ထားပါ။






..

Dumpling ပြုတ်ဖို့ soup အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဝက်ရိုး တစ်ကေဂျီ

ဂျင်း ၃ပြားခန့်

ဆား

ကြက်သွန်မြိတ် အမြစ်ပိုင်း ၄ခုခန့်

ငရုပ်ကောင်း 1/2 tea spoon 

အထက်ပါ ပစ္စည်းတွေကို အားလုံး ကို soup အိုးထဲ ထည့်ပြီး ရေ ၄လီတာခန့်ထည့်ကာ တစ်နာရီခန့် ပြုတ်ထားပါ။

..

Chilli oil လုပ်ရန် လိုတဲ့ ပစ္စည်းတွေကတော့

ဆီ 500 ml

ငရုပ်သီး ခြောက် အကြမ်း မှုန့်  3 table spoon

 ငရုပ်သီး အရောင်တင်မှုန့် 1 table spoon

Sichuan pepper powder  အကြမ်း 1/2 tea spoon

နှမ်း 3 table spoon

ဆီကို ဒယ်အိုးထဲမှာ ပူနေအောင်တည်ပါ။ ဆီ အငွေ့ မထွက်မီ အကြမ်းမှုန့် အရင်ထည့် မွှေပေး၊ နောက်မှ အရောင်တင်မှုန့် ၊ နှမ်း နှင့် Sichuan pepper မှုန့် တို့ကို ထည့်ပါ။ ငရုပ်သီး မီးမတူးမီ ဆီကို စစ်ယူထားပါ။

Sichuan pepper နံ့ သင်းတဲ့  chilli oil ရပါပြီ။



...

ပဲငံပြာရည် sauce အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ပဲငံပြာရည် အကြည်ရည် 6 table spoon

ဝက်ရိုး ပြုတ်ရည် 8 table spoon

ငါး ငံပြာရည် 1 table spoon

သကြား 3 table spoon

အထက်ပါ ပစ္စည်းတွေကို အားလုံး ကို ရော သမ မွှေ ပေး လိုက်လျှင် ပဲငံပြာရည် sauce ရပါပြီ။

..

vegetable အတွက်  

အရွက်ကြိုက်တတ်လျှင် broccoli အရွက် (သို့) bok choi (သို့)  မုန်ညင်းဖြူရွက်ကို ရေနွေးဖျောထားပါ။

ကြက်သွန်မြိတ် ပါးပါး လှီးထားပါ။

..

Dumpling ပြုတ်ရန် အတွက်

Soup တစ်ဝက်ကို အရိုးများ ရေစစ်ပြီး အိုးငယ် တစ်လုံးထဲထည့် မီးဖိုပေါ် ပွက်ပွက်ဆူအောင် တည်ပါ။

Dumpling များကို ထည့်ပြုတ်ပြီး ကျက်လျှင် ဆယ်ထားပါ။


ပွဲ ပြင်ရန် အတွက်

ဇလုံ တစ်လုံးထဲကို Dumpling ၁၀ ခုခန့် စီထည့်ပါ။

အရွက်ကိုလည်း ဘေးဖက်မှာ လှအောင် ထည့်ပါ။

အပေါ််် မှ ပဲငံပြာရည် sauce 2 table spoonနှင့်  chilli oil 2 table spoon တို့ကို ထည့်ပါ။

ကြက်သွန်မြိတ် လှီးထားတာလေးတွေ အပေါ်က ဖြူးလိုက်လျှင် အလွန် အနံ့ အရသာနှင့် ပြည့်စုံတဲ့ Red Chilli oil Dumpling ကို စားသုံးနှိုင်ပါပြီ။

Soup ကြိုက်ရင် soup ထဲ ကြက်သွန်မြိတ်လေး ဖြူးကာ သောက်နိူင်ပါတယ်။

..

ငရုပ်သီးကြော််််််ကြိုက်က် လျှင် အောက်ပါ တံဆိပ် ငရုပ်သီး ကြော် ကြွပ် ကြွပ် လေး ထည့်စား ပိုကောင်းပါတယ်။















Tuesday, April 19, 2022

ရွှေရင်အေး လုပ်နည်း

 





နှစ်သစ်ကူး သင်္ကြန်အချိန်အခါမှာ ကိုယ်ဝါသနာပါတဲ့ မုန့်လုပ်နည်းလေး ရှယ်လိုက်ပါဦးမယ်။

ရွှေရင်အေး လုပ်နည်းထဲကနေ အဓိက မုန့်လက်ဆောင်းဖတ် (cendol) လုပ်နည်း ကို ရှယ်ပေးချင်တာပါ။ 

အရင်က ထုံးရည်ကြည် နဲ့လုပ်တာ ၊ ခု ထုံးရည်ကြည် ကုန်သွားလို့ သူမပါပဲ လုပ်လဲ ကောင်းကောင်းဖြစ်ပါတယ်။





မုန့်လက်ဆောင်းဖတ်

လူ အယောက် ၂၀ စာခန့် မုန့်လက်ဆောင်းဖတ်လုပ်ဖို့ လိုတဲ့ပစ္စည်းတွေက

ယိုးဒယား ဆန်မှုန့် - ဆန်ချင်ခွက် ၃ခွက်

မတ်ပဲမှုန့် (Mung Bean starch) - ဆန်ချင်ခွက် တစ်ဝက်

ပလောပီနံမှုန့်  (tapioca starch) - ဆန်ချင်ခွက် တစ်ဝက်

ဆွမ်းမွှေးရွက် အနံ့ ( Pandan paste) - လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်

ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ရေ - ၁၀ ခွက်ခန့်

(ရေက လိုရင် ထပ်ထည့်ရအောင် ရေ‌နွေးလေးပွက်ပွက်ဆူ အဆင်သင့်တည်ပေးထားပါ။)

အချိုးက ဆန် ၃ချိုး ၊ (မတ်ပဲမှုန့် + ပလောပီနံမှုန့်)တစ်ချိုးပါ။

အမှုန့် တစ်ဆကို ရေ ၃ဆပါ။ ‌

စုစုပေါင်း အမှုန့်က ၄ခွက်ဆိုတော့ ရေက ၁၂ ခွက်ပါ။

ပထမဆုံးရေ ၁၀ ခွက်သာ အရင်ထည့် ကျိုပါ။

ရေမတော်လို့ များသွားရင် ပျော့ သွားတတ်ပါတယ်။

ရေနည်းနေရင် မွှေနေရင်းနဲ့ ရေနွေးပူ ထပ်ထည့်လို့ရပါတယ်။

ရေကို နောက်လိုရင် ထပ်ထည့်ရအောင် ရေနွေးဆူအောင်တည်ထားပါ။

Cendol maker or potato riser

Pandan essence

Mung bean starch


...

ပထမဆုံး ရောထားတဲ့အမှုန့်၊ ဆား ၊ Pandan essence နဲ့ ရေတွေကို ကျိုမဲ့အိုးထဲထည့် ပြီး မွှေတံလေးနဲ့ သမသွား

အောင် မွှေပေးပါ။

ပြီးတော့ မီးအနေတော်နဲ့ တည်ပြီး ယောင်းမနဲ့ အဆက်မပြတ် မွှေပေးနေပါ။ 

မုန့်တွေ ခဲပျစ်လာရင် ‌ရေ‌နွေးအနည်းငယ်ထည့် ပြီး အဆက် မပြတ် ထပ်မွှေပေးပါ။

၇မိနစ် ၈မိနစ်လောက်ကြာလို့ မုန့်တွေ ပျစ်ပြီး အရောင်ပြောင်လာရင် Cendol maker နဲ့ ရေခဲထည့်ထားတဲ့ ‌ရေအေးဇလုံထဲကို  ညှစ်ချပါ။ 

မုန့်တွေ ခေါက်ဆွဲလို အရှည်ကြီး မဖြစ်အောင် ဂရုစိုက်ပြီး ညှစ်ချပါ။

ပူနေတုံးမှာ ညှစ်ချရင် ‌အကောင်းဆုံးရပါတယ်။

....

မုန့်လက်ဆောင်းလှလှလေးတွေ ရပါပြီ။ ရေအနည်းငယ်ရောပြီး ရေခဲသေတ္တာထဲ  ဗူးနဲ့ သိမ်းထားပါ၊

 



အုန်းနို့ ကျောက်ကျော

အုန်းနို့ ကျောက်ကျော ကျိုနည်း ၂ထပ် အတိအကျရအောင် လုပ်နည်းက ရေးပြီးသားမှို့ အဲမှာပဲ သွားကြည့်လိုက်ပါနော်။

http://auntysweet.blogspot.com/search/label/%28%E1%81%82-%20%E1%81%88%29%20%E1%80%A1%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%82%8F%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%AC





ကျောက်ကျော ရောင်စုံ

ကျောက်‌ကျောထုပ် တစ်ထုပ် (၄၂ ဂရမ်ခန့်) ကို ရေ ၄လီတာ ၊ သကြား ၃၀၀ ဂရမ်နဲ့ ကျိုပါ။

ကျောက်ကျောတွေ အားလုံးအရည်ပျော် သွားရင် အရောင် ၃မျိုးကို ဗူး၃မျိုးထဲမှာ အအေးခံပါမယ်။

တစ်ခါသုံး ဗူးလေးတွေနဲ့ အဆင်ပြေပါတယ်။

ကျောက်ကျောရည် သုံးပုံတစ်ပုံစီကို ကိုယ်ကြိုက်ရာ အရောင်လေးတွေ ထည့်‌မွှေပြီး ဗူးလေးတွေထဲမှာ အအေးခံထားပါ။ တီဆွိကတော့ အိမ်မှာ ရှိတဲ့ အဝါ၊ အစီမ်း၊ အနီကို သုံးပါတယ်။

ကျောက်ကျော ရောင်စုံလေးတွေ ခဲသွားရင် ကျောက်ကျော ချောင်းလေးတွေရအောင် လှီးထားပါ။



သာကူစေ့

ရေနွေးကို ပွက်ပွက်ဆူအောင်ကျိုပါ။

မီးကို အနေတော် ထား ၊ သာကူစေ့ ဆန်ချင်ခွက် ၂ခွက်ခန့်ကို ထည့်ပြီး မွှေပေးနေပါ။ 

သာကူစေ့တွေ မျက်ဆံပျောက်ပြီဆို ရေ စစ်ပြီး အေးသွားတဲ့ အထိ ရေအေးနဲ့ ဆေးချပါ။

အရောင် အစိမ်း အနီ အစရှိသဖြင့် မိမိ နှစ်သက်သလို အရောင်ဆိုးပြီး ရေရောကာ ရေခဲသေတ္တာထဲ သိမ်းထားပါ။



ကောက်ညှင်းပေါင်း

ကောက်ညှင်းဆန် ဆန်ချင်ခွက် ၃ခွက်ခန့်ကို တစ်ညရေစိမ်ပါ။ 

မနက်လင်းရင် ထမင်းပေါင်းအိုးက စကာထဲ ထည့် ပြီး ထမင်းပေါင်းအိုးနဲ့ ၄၅မိနစ်ခန့်ပေါင်းရပါတယ်၊

ပေါင်းနေစဉ် ရေကို အပေါ် ကနေ ၂ခါ ၃ခါခန့် ဖြန်းပေးရပါတယ်၊ ဒါမှ ကောက်ညှင်းက မမာပဲ အိအိလေးရပါတယ်။



အုန်းနို့ရည်

အုန်းနို့ရည် ready made ၆ဗူးခန့် (400 gm x6) ကို ရေ တစ်ဗူးစာခန့် ရော၍ ပွက်ပွက်ဆူအောင်ကျိုပါ။ ဆား

 လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပါ။ 

သကြားကို အချို စိတ်ကြိုက် မြည်းပြီး လိုသလောက်ထည့် ရောကျိုပါ။

 ရေခဲထည့်မယ်ဆို သကြားကို ပိုချိုအောင်ထည့်ရပါတယ်။

ပြီးရင် ရေခဲသေတ္တာထဲမှာ အေးနေအောင် အအေးခံထားပါ။





ပွဲပြင်ရန်

အပေါ်် က ပစည်းတွေကို တစ်ခုချင်းစီ ပန်းကန်လုံးထဲ စီထည့်ပြီး အုန်းနို့ရည် အေးအေးချိုချိုလေး အပေါ်် လောင်း

ထည့်လိုက်ရင် ရင်ကိုအေးစေမဲ့ ရွှေရင်အေးရပါပြီ။

(တချို့လဲ ရွှေရင်အေးကို ပေါင်မုန့်ထည့်စားတတ်ကြပါတယ်။ ပေါင်မုန့် အုန်းနို့ဆမ်းလဲ ခေါ်ကြ ပါတယ်၊)





(ပုံအချို့ မရိုက်ထားခဲ့လို့ google ကနေ ယူပါတယ်၊ credit to original uploader)

Saturday, July 17, 2021

Singapore style fried carrot cake (Chai Tow Kway)

လိုအပ်သော ပစ္စည်းများ 
Steam carrot cake အတွက် 
မုံလာဥဖြူ (radish) - 500 gm ( အခွံခွါပြီး သင်္ဘောခြစ်နဲ့ ခြစ်ထားပါ)
 ကြက်ပြုတ်ရည် (chicken stock) - 500 ml 
ဆန်မှုန့် - 250 gm ဆီ စားပွဲဇွန်း - 3 table spoon 
ဆား - သင့်သလို ပုဇွန်ခြောက်မှုန့် 
- စားပွဲဇွန်းမောက်မောက် တစ်ဇွန်း 
----------------------------- 
  Fried carrot cake တစ်ပွဲစာ အတွက်
Carrot cake - တစ်ပွဲစာ chop လုပ်ထားပါ။ 
ဆီ စားပွဲဇွန်း - 3 table spoon 
ကြက်သွန်ဖြူ - ၃ မွှာခန့် (နုတ်နုတ်စင်း ထားပါ)
 ကြက်ဥ - ၄ လုံး (ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး ခေါက်ထားပါ) 
ကြက်သွန်မြိတ် - အနည်းငယ် (နုတ်နုတ် စင်းထားပါ) 
ပဲငံပြာရည် အကြည်ရည် - စားပွဲဇွန်း တစ်ဇွန်းခန့် 
ပဲငံပြာရည် အနောက်ရည် - စားပွဲဇွန်း ဇွန်းဝက်ခန့် 
ငါးငံပြာရည် - လက်ဖက်ရည် ဇွန်းဝက်ခန့် 
------------------------------- 
 ပထမဆုံး steam carrot cake ကို စလုပ်ပါမယ်။ 
ဆန်မှုန့်နဲ့ chicken stock ကို သမအောင် ကြက်ဥခေါက်တံနဲ့ ရောမွှေ ခေါက်ထားပါ။ 
 ဒယ်အိုးကို မီးအနေတော် (medium) နဲ့ တည်ပါ။ 
အထဲကို ဆီထည့် ကြက်သွန်ဖြူထည့်ပြီး ကြက်သွန်ဖြူ ကြေ်နံ့မွှေးလာရင် ပုဇွန်ခြောက်မှုန့် ထည့်ကြော် ပုဇွန်ခြောက် မတူးခင် မုံလာဥခြစ်ထားတာတွေ ထည့်ကြော်ပါ။
 မုံလာဥက အရည်တွေထွက်လာပြီး မုံလာဥ အရည်ခြောက်လောက်သည်အထိ ၇ မိနစ်ခန့် ကြော်ပေးနေပါ။ မုန်လာဥ တွေ ကျက်လောက်ပြီဆို ဆန်မှုန့်အရည်ကို ထည့်မွှေပါ။ 
မွှေနေရင်း ဆန်မှုန့်တွေ ပျစ်ခဲလာရင် ဆီသုပ်ထားတဲ့ မီးအပူခံ tray ထဲကို ထည့်ပါ။
 ပြီးရင် ရေနွေးငွေ့ steam နဲ့ နာရီဝက်ပေါင်းပါ။ အအေးခံလိုက်ရင် ကြော်ရန်အဆင်သင့်ဖြစ်ပါပြီ။
 ------------------------------ 
Fried carrot cake အတွက် ပထမဆုံး ဒယ်အိုးကို မီးအနေတော်နဲ့တည်ပြီး ဆီထည့် ကြက်သွန်ဖြူ ဆီသတ်ပါ။ ကြက်သွန်ဖြူနွမ်းလာတာနဲ့ carrot cake လှီးထားတာတွေကို ထည့်ကြော်ပါ။ 
၃-၄မိနစ်ခန့် carrot cake တွေ ကြော်ပြီးရင် ကြက်ဥ ခေါက်ထားတာကို အပေါ်ကနေ ဒယ်အိုး တစ်ခုလုံး ပြန့်သွားအောင် လောင်းထည့်ပါ။ 
ကြက်ဥ အနည်းငယ် ကျက်လာပြီဆို ပဲငံပြာရည် အကြည် အနောက်၊ ငါးငံပြာရည်တို့ ကို ထည့်ကြော်ပါ။ ၅မိနစ်ခန့်ကြော်အပြီး ချခါနီး ကြက်သွန်မြိတ်လေးတွေထည့် ပြီး ပန်းကန်ထဲ ထည့်စားလို့ရပါပြီ။ အလွန် အနံ့ အရသာ နဲ့ ပြည့်စုံသော Fried carrot cake ရပါပြီ။

Monday, May 17, 2021

ရှမ်းမုန်ညင်းချဉ် (အလွယ်နည်း)

ပထမဆုံး ဆိုင်က မုံညင်းချဉ်နှစ်ထုပ်ကို တစ်လက်မကျော်ကျော် အရှည်လေးတွေ ဖြတ်ပြီး အချောင်းလေးတွေ ပြန်လှီးပါ။ ပြီးရင် မံညင်းချဉ်တွေကို ရေခဲသေတ္တာထဲ ခဏပြောင်းထည့်ထားပါ။
မုံညင်းချဉ် အရည်တွေကို လွှင့်မပစ်ပဲ မုံလာပန်းပွင့် တစိတ်၊ မုံလာဥနီ ၂ဥခန့် ပါးပါး အစိတ်လေးတွေလှီးပြီး ချဉ်အောင် ပြန်စိမ်ပါမယ်၊ . အချဉ်ရည်မလောက်တတ်လို့ မုံလာဖတ်တွေ မြုတ်အောင် ရှာလကာရည် အနည်းငယ်၊ ရေ အနဲငယ် ရောထည့်နိူင်ပါတယ်။ သကြား စားပွဲဇွန်း တစ်ဇွန်း၊ ဆားအနည်းငယ်ထည့်ပြီး ၂ရက် ၃ရက်ခန့် ချဉ်လာသည်အထိ စိမ်ထားပါ။
မုံလာချဉ် စ နယ်ပါတော့မယ်။ ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲကို ရေခဲသေတ္တာထဲ ထည့်ထားတဲ့ မုံညင်းချဉ်၊ မုံလာပန်းပွင့်၊ ဥနီအချဉ် စိမ်ထားတာတွေကို အရည်တွေစစ်ပြီး အားလုံး‌ရောလိုက်ပါ။ အချဉ်ရေ အနည်းငယ် ပါအောင် ထည့်ပါ။ ပြီးရင် ကြံသကာအခဲ ချေပြီးသား စားပွဲဇွန်း တစ်ဇွန်းခွဲခန့် ၊ ငရုပ်သီး အကြမ်းမှုန့် စားပွဲဇွန်း တစ်ဇွန်း မောက်မောက်၊ ငရုပ်သီး အရောင်တင် (sweet paprika) စားပွဲဇွန်း တစ်ဇွန်း၊ နံနံမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းမောက်မောက်၊ ဇီယာ မှုန့် လက်ဖက်စားဇွန်း ၄ပုံတစ်ပုံ ခန့်တို့ကို သမအောင် ရောမွှေပေးပါ။
ပြီးရင် ပုလင်း ဇောက်နက်နက်ထဲကို ကြပ်နေအောင် ဖိသိပ်ထည့်ပြီးစိမ်ထားပါ။ ၃ရက်လောက်ရရင် အလွန် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ရှမ်းချဉ်ရပါပြီ။
ဒီနည်းက လုပ်ရတာလဲလွယ်၊ ကြာရှည်လဲ အထားခံပါတယ်။ ရေခဲသေတ္တာထဲ ထည့်ထားရင် နှစ်ပေါက်စားလို့ရပါတယ်။
ပုံအချို့ကို google မှ ယူပါတယ်။ credit to original uploader.

Friday, December 4, 2020

Dan Dan Noodles

 



Dan Dan Noodles အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

ဝက်သားအကြေ ကြော်အတွက်

ဝက်သားအကြေ ၄၀၀ ဂရမ်

မုန်ညင်းချဉ် ( pickle mustard )  ၃၀၀ ဂရမ် - chop လုပ်ထားပါ။

ဆီ  1/2 cup

ပဲငံပြာရည် အကြည် 

ပဲငံပြာရည် အနောက်

သကြား စားပွဲဇွန်း တစ်ဇွန်း

ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝ က်

ငရုပ်သီးအရောင်တင်မှုန့်  စားပွဲဇွန်း တစ်ဇွန်း

ကြက်သွန်ဖြူ ၃ မွှာခန့် - chop လုပ်ထားပါ၊

ပြုလုပ်ပုံ

ဝက်သားအကြေ ကို ပဲငံပြာရည် အကြည်၊ အနောက်၊ ငရုပ်ကောင်းမှုန့် သကြားတို့ နဲ့ နယ်ထားပါ၊

ဒယ်အိုး ထဲကို ဆီထည့် ကြက်သွန်ဖြူဆီသတ်ပါ၊

ပြီးရင် ဝက်သားအကြေ ထည့်ကြော်ပါ။

ဝက်သား အရည်ကုန်ရင် မုန်ညင်းချဉ် ထည့်ပြီး အရည်ကုန်အောင် ဆက်ကြော်ပါ၊

ဆီပြန်လာရင် ငရုပ်သီး အရောင်တင်မှုန့်ထည့်ပြီး ဆားအပေါ့ အငံ အချို စိတ်ကြိုက်ပြင်ထားပါ။



------------------------------------------------

အရိုးပြုတ် အချိုရည်အတွက်

ကြက်ရိုး (သို့) ဝက်ရိုး - ၂ ကေဂျီ

ဆား သင့်သလို

သကြား သင့် သလို

ဂျင်း ၅ လွှာခ န့်

ကြက်သွန်မြိတ် အမြစ်ပိုင်း အနည်းငယ်


ပြုလုပ်ပုံ

ကြက်ရိုး (သို့) ဝက်ရိုး တွေကို ရေမြုပ်အောင်ထည့်၊ အပေါ်် က ingredient တွေထည့်ပြီး တစ်နာရီခန့် မီးအေးအေးနဲ့ အချိုရည်ထွက်လာသည်အထိ ပြုတ်ပါ၊

ပြီးရင် အရိုးတွေကို စစ်ချပြီး ဟင်းချိုရည်ကိုပဲ ယူထားပါ။

ဆား အပေါ့အငံ လိုအပ်သလို ပြင်ထားပါ။

-----------------------------------------------------------------

Chilli oil အတွက်

ဆီ  1 cup

ငရုပ်သီး အကြမ်းမှုန့် စားပွဲဇွန်း ၅ ဇွန်း

Sichuan pepper စားပွဲဇွန်း တစ် ဇွန်း - ညက်နေအောင်ထောင်းထားပါ။

နှမ်း စားပွဲဇွန်း ၂ဇွန်း

သစ်ဂျပိုးခေါက် တစ်ခု

နာနတ်ပွင့် ၇ ပွင့်

ကလ ‌ဝေးရွက် ၇ ရွက်

Black Cardamom ၂ ခု


ပြုလုပ်ပုံ

ပန်းကန် စောက်နက်နက် တစ်လုံးထဲကို ငရုပ်သီးမှုန့် ၊ ဇီချွမ် ငရုပ်ကောင်းအမှုန့် ၊ နှမ်း တို့ကိုထည့်ထားပါ။

ဒယ်အိုးထဲကို ဆီထည့်ပါ။ 

ဆီကျက်လာရင် ဟင်းခတ် အမွှေးအကြိုင်တွေထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ။

ပြီးရင် စောနက ပြင်ထားတဲ့ နှမ်း၊ ငရုပ်သီးမှုန့်နဲ့ ဇီချွမ်း အမှုန့် တွေပေါ်် ကို စကာနဲ့ စစ်ပြီး ဆီပူပူကို လောင်းချပါ။

ဆီတွေ နှံ့ သွားအောင် ဇွန်းနဲ့ မွှေပေးပါ။

Flavour အပြည့်နဲ့ Chilli oil ရပါပြီ။

photo credit : google


------------------------------------------------------------------

Dan Dan Noodle sauce  အတွက်

Sesame paste စားပွဲဇွန်း ၂ဇွန်း 

Peanut butter စားပွဲဇွန်း ၂ဇွန်း

ပဲငံပြာရည် အကြည်ရည်  စားပွဲဇွန်း တစ်ဇွန်း

ပဲငံပြာရည် အနောက်ရည်  စားပွဲဇွန်း တစ်ဝက်

Chilli oil  စားပွဲဇွန်း ၃ ဇွန်း

အရိုးပြုတ်ရည် စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်ပုံ

အထက်ပါ ပစ္စည်းများကို ပန်းကန်ဇောက်နက် တစ်လုံးထဲထည့်ပြီး သမနေအောင် နာနာ မွှေပေးပါ၊

အောက်က ပုံလေးအတိုင်း လုပ်ရင်လဲ ရပါတယ်၊

Photo credit : google


-------------------------------------------------------------------

ခေါက်ဆွဲ အတွက်

ဂျုံခေါက်ဆွဲကို ပြုတ်ပြီး ‌ရေစစ်ထားပါ။



-------------------------------------------------------------

ဟင်းရွက်များပြင်ဆင်ထားရန်

မုန်ညင်းရွက်ကို ၂လက်မလောက် အ‌ရှည် များ လှီးပြီး ရေ‌‌နွေးဖျောပြီး ‌ရေစစ်ထားပါ။

ကြက်သွန်မြိတ်ကို ပါးပါးလှီးထားပါ။



-----------------------------------------------------------

လိုအပ်သည်များ ပြင်ဆင်ပြီး ပွဲပြင်ရန်အတွက်

ပထမဆုံး ခေါက်ဆွဲကို ဇလုံ စောက် နက်နက်ထဲ အရင်ထည့်ပါ။

အပေါ် ကနေ ဟင်းရည် စားပွဲဇွန်း ၅ ဇွန်းခန့် အရင်ထည့် ပါ။

ဝက်သားအ‌ကြေ ၊ Sesame paste ၊ Chilli oil ၊ အရွက်များကို အပေါ်််််ကနေ လှအောင်ပြင်ဆင်ပါ။

အလွန် အရသာရှိတဲ့ Dan Dan Noodle ကို စားဖို့ အဆင်သင့် ဖြစ်ပါပြီ။




Monday, November 30, 2020

စင်္ကာပူစတိုင် Fried fish soup

 


စင်္ကာပူစတိုင် Fried fish soup အတွက် လိုတဲ့ ပစ္စည်းတွေက (လူ ၅ယောက်စာ အတွက်)

Ling fish  fillet (သို့) Basa fillet  (ငါးအသားချည်း )  - ၅၀၀ ဂရမ်

အကြော် မှုန့် - စားပွဲဇွန်း ၃ဇွန်းခ့န်

ငရုပ်ကောင်းမှုန့် (white pepper) အနည်းငယ်

ပဲပြား (soft tofu) - ၂ခုခန့်

ခရမ်းချဉ်သီး - ၂လုံး

ဆလတ်ရွက် တစ်ထုတ် (Iceberg lettuce )

မုန်ညင်းဖြူရွက် တစ်စည်း (Choy Sum)

ကြက်ဟင်းခါးသီး အထူသီး တစ်လုံး- အစေ့ ထုတ် ပါးပါးလှီး

ကြက်သွန်မြိတ် (Spring Onion)

နံနံ (Coriander) 

ကြက်သွန်နီကြော် 

‌ရေညှိ ခြောက်

 နန်းလတ် မုန့် တီ အစို (မရှိရင်) အခြောက် တစ်ထုပ် (jiangxi rice stick)  

ကြိုက်တတ်ရင် ငနီတူငါးခြောက်ကြော် ကိုလည်း အဆင်သ့ ပြင်ဆင်ထားပါ။

-----------------------------------------

ဟင်းချို အတွက်

ငါးရိုး ၅၀၀ ဂရမ် (မရလျှင်) ဆယ်လ်မွန် ငါးရိုး - 1 kg

ငါးနီတူငါးခြောက်  ၂၀ ကောင်ခန့်  (ikan bilis )

ပဲပိစပ် (Soy bean) -1 cup

ဂျင်း အနည်းငယ်

နွားနိူ့ အနည်းငယ်

-----------------------------------------------























မုန့်ဖတ် ပြုတ်ရန်

မုန့်ဖတ်အခြောက်ဆို ပြုတ်ပြီး ရေစစ်၊ အဆင်သင့်ဖြစ်အောင် အအေးခံထားပါ။


ဟင်းချို ပြင်ဆင်ခြင်း

ပထမ ဆုံး ငါးရိုးနဲ့ ငါးခေါင်း တွေကို အညှိ အချွဲတွေပျောက်အောင် ဆားနဲ့ နယ်ပြီး ရေ ၃-၄ ခါလောက် ဆေးချပါ။

အညှိတွေ ပျောက်သွားရင် ငါးနီတူ၊ ပဲပိစပ်၊ ဆား ၊ ဂျင်း ပါးပါးလှီးထားတာ ၃-၄ ပြားလောက်ထည့်ပြီး ရေမြုတ်အောင် ၄၅ မိနစ်ခန့်ပြုတ်ပြီး အချိုရည်ရအောင် ယူထားပါ။ 

ပြီးရင် နွားနို့ အနည်းငယ် ရော၊ ဆူပွက်နေအောင် ပြန်ကျိုပြီး ဟင်းချိုကို အပေါ့ အငံ အချို အနေတော်် ဖြစ်အောင်ပြင်ထားပါ။


အခြား ingredient များ ပြင်ဆင်ထားရန် 

ငါးအသားကို လက်တစ်လုံးခန့် အထူလေးတွေ လှီးပြီး ဆား (အနည််းငယ်သာ) ငရုပ်ကောင်း မှုန့်တို့နှင့် နယ်ထားပါ။

ပြီးရင် အကြော် မှုန့်ကို ရေအနည်းငယ်နဲ့ ဖျော်ပြီး ငါးအသားလွှာ တစ်ခုလုံးနစ်အောင် နှစ်ပြီးမှ  ကြွပ်‌ ‌နေအောင် ကြော်ပြီး ဆီစစ်ထားပါ။

ပဲပြားကို လက်မဝက်ပတ်လည် အတုံးလေးတွေ တုံးထားပါ။

ခရမ်းချဉ်သီးကို ၈စိတ်စိတ်ထားပါ။

ဆလတ်ရွက်ကို အရွက်လေးတွေ ခွါထားပါ။

မုန်ညင်းရွက်ကို နှစ်လက်မ အရှည်လေးတွေ ဖြတ်၊ ကြက်ဟင်းခါးသီးကိုလည်း အစိမ်းရောင် မပြတ် ‌ရေ‌နွေး ဖျောပြီး စစ်ထားပါ။

ကြက်သွန်မြိတ် နံနံပင်ကို ပါးပါးလှီးထားပါ၊


ပွဲပြင်ရန်အတွက်

ပထမဆုံး ဇလုံခပ်ကြီးကြီးထဲကို ဆလတ်ရွက်အလွှာတွေ ကို ခင်းလိုက်ပါ။

အပေါ် ကနေ မုန့်ဖတ် ကို သင့်တော် သလိုထည့်ပါ။

 ပဲပြား၊ ခရမ်းချဉ်သီး၊  ရေညှိ၊  မုန်ညင်းရွက်၊ ကြက်ဟင်းခါးသီး ငါးကြော် အစရှိသည်တို့ကို မုန့်ဖတ်ပေါ်ကနေ လှအောင် စီထည့်ပြီး ဟင်းချို ပွက်ပွက်ဆူကို ဇွန်းနဲ့ လောင်းထည့်ပါ။

အပေါ်ကနေ နံနံ ၊ ကြက်သွန်မြိတ် ၊ ကြက်သွန်နီကြော်ဖြူးပြီး စားနိူင်ပါပြီ။

ကြိုက်တတ်ရင် ငနီတူကြော်ကိုလည်း ထည့်စားနိူင်ပါတယ်။

အလွန် အရသာရှိတဲ့ fried fish soup ဖြစ်ပါတယ်။





(ပုံအချို့ကို google မှ ယူပါတယ်၊ credit to original uploader)

Thursday, November 5, 2020

Singapore စတိုင် Carrot cake လုပ်နည်း



စင်္ကာပူမှာ fried carrot cake ဆိုတာ သိပ်နာမည်ကြီးပြီး စားလို့လဲ သိပ်ကောင်းတာ။ အိမ်က ဂျူဂျူလေးက သိပ်ကြိုက်လို့ ဒီရောက်မှ ခဏခဏ လုပ်စားဖြစ်နေတာ။ Carrot cake ဆိုပေမဲ့ မုန်လာဥနီလုံးဝ မပါပဲ radish - မုန်လာဥ အဖြူနဲ့ ပဲ လုပ်တာသာဖြစ်ပြီး မြန်မာပြည်က အော်််််််််််််််််််််််ကေ့ကြည်လုပ်နည်းနဲ့ တူတူပါပဲ။
လုပ်နည်းလေး အမှတ်တရဖြစ်အောင် မှတ်တမ်းလေး ရေးထားပါမယ်။
Fried Carrot cake ၆ ပွဲစာလောက်အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကတေ့ာ့့ ...
မုန်လာဥ ၆၅၀ ဂရမ်
ပုဇွန်ခြောက်မှုန့် စားပွဲဇွန်း ၃ ဇွန်း
ကြက်သွန်ဖြူ ၆ မွှာခန့် နုတ်နုတ်စင်းထားပါ
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်
--------------
မုန့် အနှစ်အတွက်
300 gm rice flour
60 gm corn starch
1 ½ cup (350 ml) chicken broth
½ cup water (125 ml)
1 tsp sugar
1 tsp salt
------------
ရေနွေးငွေ့နဲ့ ပေါင်းဖို့ အတွက် အဆင်သင့် ပြင်ရန်
- ဆီသုပ်ထားသော လေးထောင့် ဖန်လင်ပန်း (သို့) စတီးလင်ပန်းကို အဆင်သင့်ပြင်ထားပါ။
- အိုးစောက်နက်နက်ထဲကို ရေ ၄လက်မလောက်ထည့်ဆူအောင်တည်ပြီး အပေါ်က သံစကာတင်ထားပါ။
------------
ပထမဆုံး မုန်လာဥနီ ကို အခွံခွါ ခြစ်နဲ့ ခြစ်ထားပါ။
မုန့်အနှစ်ကိုလည်း အားလုံးရောပြီး ဖျော်ထားပါ။
အားလုံး အဆင်သင့်ဖြစ်ရင်၊
ဒယ်အိုးအကြီး တစ်လုံးကို မီး အနေတော်နဲ့ အပူပေး ဆီထည့် ပူလာရင် ကြက်သွန်ဖြူနဲ့ ဆီသတ်ပါ။
ကြက်သွန်ဖြူ ရွှေဝါရောင် သန်းလာရင် ပုဇွန်ခြောက်မှုန့်ထည့်မွှေပါ။
ပြီးရင် မုန်လာဥခြစ်ထားတာတွေ ထည့်ကြော်လိုက်ပါ။
မုန်လာဥက အရည်တွေ ထွက်လာရင်လည်း အသာလေး မွှေပေးနေပါ။
၄မိနစ်လောက် မွှေပြီးသွားရင် စောနက ဖျော်ထားတဲ့ မုန့် အနှစ်ကို ထည့်ပြီးး အဆက်မပြတ်မွှေပေးပါ။
မုန့်နှစ်တွေ အရမ်းကိုပျစ်ပြီး ခဲလုနီးပါးဖြစ်သွားပါလိမ့်မယ်။
အဲဒီအချိန်မှာ မုန့်တွေကို စောနက ဆီသုပ်ထားတဲ့ ဖန် လင်ပန်းဇောက်နက်နက်ထဲ လောင်းထည့်ပြီး အပေါ်က ဆီနဲ့ အချောသတ်ပေးပါ။
----
ပြီးရင် ရေနွေးငွေ့နဲ့ ပေါင်းဖို့ စောနက ဆူအောင်တည်ထားတဲ့ ပေါင်းအိုးထဲထည့် ပေါင်းအိုးကို အဖုံးအုပ်ပြီး မိနစ် ၂၀ ကနေ ၂၅ မိနစ်လောက် မီးအနေတော်နဲ့ တည်လိုက်ရင် carrot cake ကျက်ပါပြီ။
(သေချာကျက်မကျက် စစ်ချင်ရင် တူတစ်ချောင်းကို မုန့်ထဲထိုးစစ်ကြည့်လို့ မုန့်နှစ်တွေ ကပ်ပါမလာတော့ဘူးဆို ရပါပြီ)
carrot cake ကို ပေါင််းအိုးထဲက ထုတ်ပြီး အပြင်မှာ အအေးခံထား ရင် carrot cake ကြော်စားဖို့ အဆင်သင့်ဖြစ်ပါပြီ။
--------------

Carrot cake ကြော်််််နည်း (တစ်ပွဲစာအတွက်)
ကြက်ဥ ၃လုံး ကို ငရုပ်ကောင်း၊ ဆား အနည်းငယ်ထည့် နှံ့အောင် ခေါက်ထားပါ။
Carrot cake ကို တစ်စင်တီမီတာ ပတ်လည် အတုံးလေးတွေ ဖြစ်အောင် လှီီးထားပါ။
ဆီ စားပွဲဇွန်း ၃ဇွန်းခန့်
ကြက်သွန်ဖြူ တစ်မွှာ နှုတ်နှုတ်စင်းထားပါ။
ကြက်သွန်မြိတ််််််အနည်းငယ် ပါးပါးလှီးထားပါ။
ငါးငံပြာရည်် အနည််းငယ်
ပဲငံပြာရည် အကြည် အနည်းငယ်
ပဲငံပြာရည် အနောက် 1/2 tsp

---------------
ပထမဆုံး မီးပြင်းပြင်းမှာ ဒယ်အိုး တည် ဆီထည့် carrot cake ရယ် ကြက်သွန် ဖြူနုတ်နုတ်စင်းထားတာရယ်ထည့် ပြီး carrot cake လေးတွေ မီးအနည်းငယ် ကျွမ်းသည်အထိ ဆီ ပူကပ်ထားပါ။


၃မိနစ်လောက်ကြာရင် ခေါက်ထားတဲ့့ ကြက်ဥ ထည့်ကြေ်ပါ။
ကြက်ဥ ကျက်လို့ ခဲလာရင် ပြန် မွှေ ပြီး ငါးငံပြာရည်၊ ပဲငံပြာရည် အကြည် အနောက်တို့ကို မိမိ စိတ်ကြိုက်အရသာရအောင် ကြိုက်သလို ထည့်၊ ကြက်သွန်မြိတ် လေး ဖြူးလိုက်ရင် အနံ့ အရသာနဲ့ပြည့့််် စုံတဲ့ Fried carrot cake ရပါပြီ။